ဝါခေါင်လပြည့်နေ့ ကုသိုလ်

မန္တလာမင်း မိသားစု၏ ဝါခေါင်လပြည့်နေ့ ပြုသောကုသိုလ်များ၊ နှင့် လပြည့်နေ့တိုင်း မြရွှေပင်ကျောင်းတိုက်ပဓာနနာယကဆရာတော် ဒေါက်တာ ခေမာသီရိထံ တရာနာခြင်း၊ ကျောင်းသံဃာ ၂၅ ပါးအားပင့်၍ ဆွမ်း၊ ဆွမ်းဟင်းနှင့် ပစ္စည်းလေးပါးလှူဒါန်းခြင်း ကုသိုလ် - မဟာမြိုင်သဲဖြူဆရာတော်ဘုရားကြီး တည်ဆောက်နေသောသာသနာပြုလုပ်ငန်းများတွင် ၂၂ ဘီးတွဲကားများဖြင့် သယ်ယူပို့ဆောင်ရေးကုသိုလ် နှင့် လစဉ် နဝကမ္မအလှူကုသိုလ် - လစဉ် တိပိဋကဓရ တိပိဋကကောဝိဒ ဘဒ္ဒန္တပညာဝံသာလင်္ကာရာဘိဝံသထေရ်ဆရာတော်ဘုရားဦးထိပ်ထား၍ တိပိဋကမဟာသစ္စာအောင်မြေကျောင်းတိုက်မှ သံဃာတော် (၁၄၅) ပါးတို့အား အာရုံဆွမ်းကပ်ခြင်း၊ ဆွမ်းဆန်စိမ်း၊လှူဒါန်းခြင်းနှင့် အပတ်စဉ် ကျောင်းဝန်းအတွင်းရှိဘုရား၊ ပုထိုးများအားဘုရားပွဲ၊ ဘုရားပန်းများကပ်လှူကုသိုလ် - ၁၈ မိုင်တောရဆရာတော် ဒေါက်တာစင်္ကြာဝဠာ ၏ သာသနာပြုတည်ဆောက်ရေးလုပ်ငန်းများအတွက် ၂၂ ဘီးတွဲကား၊ Express ကားများဖြင့် သယ်ယူပို့ဆောင်ရေးကုသိုလ် - လယ်ဝေး နဂါးတစ်ထောင်ဆရာတော်၏ သာသနာပြုတည်ဆောက်ရေးလုပ်ငန်းများအတွက် ဘိလပ်မြေကားသယ်ယူရေးကုသိုလ် - လစဉ် မန္တလေး မဟာသုန္ဒရာရာမကျောင်းတိုက် မှ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ အာဝုဓ (လက်ပန်တောင်းဆရာတော်ဘုရား) ဦးထိပ်ထား၍ ကျောင်းသံဃာကုန်နေ့ဆွမ်းအလှူကုသိုလ် - လစဉ် မြရွှေပင်ကျောင်းမှ သံဃာတော် (၃၈၅) ပါးအတွက် ပေါ်ဆန်းမွှေးဆန် (၅) အိတ်အလှူကုသိုလ် - လစဉ် ရွှေပြည်သာ ဓမ္မဂုဏ်ရည်ကျောင်းသို့ ပေါ်ဆန်းဆန် (၂) အိတ်နှင့် ဆွမ်းဆန်စိမ်း၊ ဖျော်ရည်အလှူ ကုသိုလ် - လစဉ် မြောက်ဥက္ကလာ မဟာသဒ္ဓမ္မဇောတိကာရုံကျောင်းသို့ ဆွမ်းဆန်၊ဆီ၊ဆွမ်းဆန်စိမ်းအလှူကုသိုလ် - လစဉ် မြောက်ဒဂုံမြို့နယ် ဓမ္မစေတီစာသင်တိုက်ရှိ တရားဟောဓမ္မကထိက ဓမ္မစေတီဆရာတော်အမှူးပြုသော သံဃာတော် (၆၀)ပါးအား ပေါ်ဆန်းဆန် (၂)အိတ်အလှူကုသိုလ် - လစဉ် တောင်ကြီး အောင်အပ်နှံကျောင်းသံဃာတော်များအား ပေါ်ဆန်းဆန် (၂)အိတ်အလှူကုသိုလ် -လစဉ် မြောက်ဥက္ကလာ ရွှေမင်းဝံကျောင်းတိုက် ဆရာတော်ဦးပညာအမှူးပြုသော သံဃာတော် (၃၀) ပါးတို့အား ဆွမ်းဟင်းအလှူကုသိုလ် - လစဉ် မော်ထမြိုင်မြို့ တောင်ပေါက်စာသင်တိုက်သို့ ဆွမ်းဆန်စိမ်းနှင့် နဝကမ္မအလှူကုသိုလ် - လစဉ် တပ်ကုန်းမြို့ ကျောင်းသစ်ကျောင်းတိုက်သို့ လျှပ်စစ်မီတာခအလှူကုသိုလ် - လစဉ် လပြည့်နေ့တိုင်း ရန်ကုန်မြို့မှ ထွက်သောခရီးစဉ်အားလုံးမှ ခရီးသွားများအား ကော်ဖီ၊ မုန့်များဖြင့်လှူဒါန်းခြင်း - နှစ်စဉ် နှစ်ဆန်း ၁ ရက်နေ့တွင် အောင်မင်္ဂလာအဝေးပြေးကွင်းအတွင်း လူ ၁၃၅၀ တို့အား ကြက်သားဟင်း၊ သီးစုံပဲဟင်း၊ ငရုတ်သီးကြော်တို့ဖြင့် စတုဒိသာအလှူကုသိုလ် - နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တိုင်း ယာဉ်လိုင်းပြေးဆွဲနေသောမြို့အသီးသီးသို့ ကထိန်ခင်းအလှူ၊ ပဒေသာပင်အလှူနှင့် စီးနင်းသောခရီးသွားအားလုံးတို့အား လမ်းရပ်နားထမင်းဆိုင်တွင် စိတ်ကြိုက်အဝစားအလှူကုသိုလ် - နေ့စဉ် မန္တလာမင်းခရီးစဉ်အားလုံးမှ ကားတစ်စီးလျှင် သံဃာခုံတစ်ခုစီ အလှူကုသိုလ် - နေ့စဉ် မန္တလာမင်းအလုပ်ရုံတွင် သံဃာတော် (၁၅၀)ပါးအား မုန့်ဆွမ်းကပ်လှူခြင်း၊ ဆွမ်း၊ ဆွမ်းဟင်းနှင့် ပစ္စည်းလေးပါးလှူဒါန်းခြင်းကုသိုလ်